ပုံမှန်အားဖြင့် မတူညီတဲ့ အနုပညာနယ်ပယ်က အနုပညာရှင်​တွေက တစ်ဦးနဲ့တစ်ဦး ဆုံ​တွေ့နိုင်ဖို့ မလွယ်ကူလှပါဘူး။ ဒါ​ကြောင့် အနုပညာရှင်​တွေဟာလည်း သာမန်လူ​တွေလိုပဲ သူတို့ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေကို အပြင်မှာ ​တွေ့ဖူးလိုကြပါတယ်။ ယခုနှစ် Asia Artist Awards မှာဆိုရင် နာမည်ကြီး မင်းသားမင်းသမီးများစွာ တက်​ရောက်ခဲ့ကြတာနဲ့အမျှ Idol ​တွေကို သူတို့ အပြင်မှာ အ​တွေ့ဖူးချင်ဆုံး မင်းသား (သို့) မင်းသမီးကို မဲ​ပေး​ရွေးချယ်​​စေခဲ့ပါတယ်။ ပွဲစီစဉ်သူ​တွေက poll board ကို ​စောင့်ဆိုင်းဧရိယာမှာ ထားရှိ​ပေးထားပြီး သူတို့ ​တွေ့ချင်တဲ့ မင်းသားမင်းသမီးရဲ့ နာမည်​အောက်မှာ စတစ်ကာကပ်ပြီး ​ရွေးချယ်​စေတာပဲဖြစ်ပါတယ်​။ အဲ့ဒီ မဲရလဒ်အရ မင်းသမီး Han So Hee ဟာ မဲအများဆုံးရရှိခဲ့ပြီး Idol ​တွေ အ​တွေ့ချင်ဆုံး အနုပညာရှင်အဖြစ် […]

Read more of this post